သတင်းများ

T.W.S ကိုယ်ပိုင်အထက်တန်းကျောင်း (ရွှေဘို)၌ မီး​ဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန် မီးငြိမ်းသတ်နိုင်​ရေး​လေ့ကျင့်ပို့ချ
Feb 08,2023
မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရေး၊ လက်တွေ့ငြိမ်းသတ်နိုင်ရေး အလေ့အထရှိစေရေးအတွက်၊ စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ T.W.S ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်တွင် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်သော ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဟောပြောပို့ချ လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
တောင်ငူမြို့၌ (၇၆)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ သျှမ်းလူငယ်အသင်း (တောင်ငူခရိုင်)မှ ဦးဆောင်၍ (၇၆)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခပေါင်းခန်းမတွင် ကျင်းပသည်။
မိုင်းခတ်၌ တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Feb 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ  တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက်  တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပန်းခြံလမ်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ
Feb 08,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Feb 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)အချိန်က အ.ထ.က စုံညီခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အတွင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းတုန်းမြို့တွင် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန်ဝေခဲ့ကြသည်။
တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Feb 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရာဥပဒေစိုးမိုးရေးနှင့် မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား  ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြောင်း သိရသည်။