သတင်းများ

လပွတ္တာမြို့နယ် အ.ထ.က(၃)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၃)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(၃)ကျောင်းတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ကာယ၊ ဉာဏ၊ ဗလ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ လက်ထောက်မူလတန်းပြခန့်ထားနိုင်ရေး ဆရာ/ဆရာမများ လုပ်ငန်းခွင် အကြို ရက်တိုသင်တန်းဆင်းပွဲကျင်းပ
Feb 07,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုဆရာအတတ်ပညာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က အ.ထ.က (၁) မေယုရတနာ ခန်းမတွင် ကျင်းပခဲ့သည်။
မန်တုံမြို့နယ် အမှတ်(၂)အလယ်တန်းကျောင်းခွဲ(ဟိုခို)သို့ သွားရောက်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များငှားရမ်းပေး
Feb 07,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ မိဘပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၂) အလယ်တန်းကျောင်းခွဲ(ဟိုခို)သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
မန်တုံမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ (ဟိုခို )၌ လူငယ်စကားဝိုင်းကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာ ဗဟုသုတကြွယ်ဝစေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း ကျောင်း-ခွဲ(ဟိုခို)၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ထီးချိုင့်မြို့နယ် Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂိမ်းပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂိမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော်ထပ်မံထည့်သွင်းသွင်းလှူပူဇော်နိုင်ရေး ဂွမြို့ဌာနဆိုင်ရာများကစုပေါင်း၍ အလှူငွေများလှူဒါန်း
Feb 07,2023
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော် ထပ်မံထည့်သွင်းသွင်းလှူ ပူဇော်နိုင်ရေးအတွက် ဂွမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများကစုပေါင်း၍ ပထမအကြိမ် အလှူငွေကျပ် သိန်း(၂၀)ကိုဖေဖော်ဝါရီလ(၆) ရက်နေ့ကလည်းကောင်း၊ ဒုတိယအကြိမ် ကျပ် ၁၁သိန်း၈သောင်းကို ဖေဖော်ဝါရီလ(၇)ရက်နေ့ကလည်းကောင်း၊စုစုပေါင်း ၃၁သိန်း ၈ သောင်းကျပ်အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကိုယ်စားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်ထံ  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အ.ထ.က ပေါက်တောမြို့၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 07,2023
ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အထက ပေါက်တောမြို့ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ကသာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် တန်ဖိုးမြှင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။