ရွှေတောင်မြို့နယ်၌ ဆီထွက်သီးနှံမိုးနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနေကြာများ အောင်မြင်ဖြစ်ထွန်းကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ တောင်သူများအနေဖြင့် ဆီထွက်သီးနှံမိုးနေကြာအပြင် မြေပဲနှင့်နှမ်းကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။