သတင်းများ

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 08,2023
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက  သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့ဝင်များ လာရောက်လေ့လာ
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊‌‌ ဇေယျာသီရိမြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှယဉ်ကျေးမှုအဖွဲ့များ ယနေ့မွန်းလွဲပိုင်းက လာရောက်လေ့လာခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာ‌ရေးဌာနတို့ပူးပေါင်း၍ ယ‌မန်နေ့နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ  ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်ကော်မြို့၌ မီးဘေးလုံခြုံရေးဟောပြောပို့ချခြင်းဆောင်ရွက်
Feb 08,2023
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ လွိုင်ကော်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေးနှင့် မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဟောပြောပို့ချခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မင်းရဲကျော်စွာ ခန်းမ၌ ဆောင်ရွက်သည်။
မင်းဘူးမြို့ အိမ်ယာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍   လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦးပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ လူထုပရိတ် သတ်ရှေ့၌ ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ အားကစားဘက်တွင်လည်း ထူးချွန်၍ နိုင်ငံ့လက်ရွေးစင် ကစားသမားကောင်းလေးများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အိမ်ယာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)  ၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Feb 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အနာဂတ်လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လ-၁​​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်း၌ Aerobic & Fitness Dance  သင်တန်းဆင်းပွဲကျင်းပ
Feb 08,2023
၂၀၂၃ ခုနှစ်၊ ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic & Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ     
Feb 08,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက  မအီမြို့၊ အထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။