သတင်းများ

မရမ်းကုန်းမြို့နယ်၌ သွေးလွန်တုတ်​ကွေး​ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် သွေးလွန်တုတ်​ကွေး​ရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 26,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ အထက(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲ့တို့သည် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မိုးစပါးများ ဆက်လက်စိုက်ပျိုး
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနစ် မိုးစပါးလျာထားမှုဧက (၅၈၁၆၁) ဧကရှိပြီး ယခုလက်ရှိစိုက်ပျိုးပြီး ဧကမှာ (၅၅၉၇၅) ဧကစိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပန်းခင်းစီမံချက်ဖြင့် အခြေခံပညာ ကျောင်သား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှု
Jul 26,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀နှစ်) အထက်ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ
ဒေးဒရဲမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများ အိမ်တိုင်ယာရောက် ကောက်ယူခြင်းများ ဆောင်ရွက်
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များနှင့် ပေါင်းစပ်၍ လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ကစတင်၍ Door to Door စနစ်ဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေး
Jul 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိသည်။
ဟိုပန်မြို့နယ်၌ မိုးစပါးလယ် အရည်အသွေးကောင်း စပါးမျိုးသုံးမျိုးအား မျိုးသန့်ပညာပေး စံပြကွက်၌ လက်တွေ့စိုက်ပျိုးပြသ
Jul 26,2022
ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် အထွက်ကောင်းစပါးမျိုးများ၏ အရည်အသွေးကိုသိရှိ၍ ၎င်းစပါးမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးလာတတ်စေရန်နှင့် စပါးအထွက်နှုန်း တိုးလာခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီ က မိုးစပါးလယ် အရည်အသွေးကောင်းစပါးမျိုးသုံးမျိုးအား မျိုးသန့်ပညာပေးစံပြကွက်၌ လက်တွေ့ကွင်းဆင်း စိုက်ပျိုးပြသခဲ့သည်။
ကျောက်တံတားမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် မြို့တော်သန့်ရှင်း သာယာလှပစေရေးအတွက် အထူသန့်ရှင်းရေးဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် အထူးသန့်ရှင်းရေးကို ယမန်နေ့ နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)လမ်းမကြီးတစ်လျောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။