သတင်းများ

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဝါသနာရှင်များက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပ
Feb 08,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများနှင့် MSME လုပ်ငန်းများတွင် ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ထပ်မံမတည်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Feb 08,2023
ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး၊ ဗန်းမော်ခရိုင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများ နှင့် အတူ ဖေဖော်ဝါရီ ၅ ရက် နံနက် ၈ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများပြုလုပ်
Feb 08,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ် မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားရေး နှုတ်မှုစွမ်းရည် ထက်မြက်ရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရေးစသော ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အ.ထ.က(၁)ကျောင်း၊ အောင်​မြေခန်းမတွင် ယနေ့နေ့လယ် (၁)နာရီခွဲအချိန်၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
မူဆယ်မြို့၊ အထက်တန်းကျောင်းများ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မူဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(မန့်ဝိန်း)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ ဒေသခံတောင်သူများ ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေဆင်း(၁)စပ်မျိုးနေကြာသီးနှံဧက ၅၀ စိုက်ပျိုး ဆောင်ရွက်ထားရှိ
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ဒေသတွင်းရှိ တောင်သူများ ဆီထွက်သီးနှံ နေကြာအား စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မျိုးကောင်းမျိုးသန့် နေကြာသီးနှံ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မျိုးသန့်ခြံစိုက်ပျိုးမြေ၌ ရေဆင်း(၁) စပ်မျိုးနေကြာသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက် ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။
ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီက ဒိုက်ဦးမြို့၊ ဖအောင်ဝဲ ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ထူးချွန်ဆုရ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Feb 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား အားကစားပွဲတော်သို့ သာပေါင်းမြို့နယ်မှ သွားရောက်ယှဉ်ပြိုင်ခဲ့ သည့် ထူးချွန်ဆုရ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်က‌ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။