သတင်းများ

မြစ်ကြီးနားမြို့၌ AFC အသိအမှတ်ပြု AFC Futsal Coaching Certificate Course Level (1) ဖူဆယ်နည်းပြသင်တန်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 08,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ AFC အသိအမှတ်ပြု AFC Futsal Coaching Certificate Course Level (1) ဖူဆယ်နည်းပြသင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစီးအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)အား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
လူငယ်များအတွက် ဘက်စုံကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင် စေရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာရှိ၊ ကညင်ချောင်း အ.ထ.က(ခွဲ)ကျောင်း တွင် ယမန်နေ့ နံနက်(၁၁) နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေး
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂါတ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲ ကျင်းပ
Feb 08,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲကို ဖေဖော်ဝါရီ (၇)ရက် နံနက်(၉) နာရီက ရတနာခန်းမ၌ ကျင်းပသည်။
တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက် ကျင်းပ
Feb 08,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲများကို မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ရှုံးထွက်ပွဲစဉ်များအဖြစ် (၂)ကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 08,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်း အ.ထ.က(မြို့မ)ကျောင်း အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Feb 08,2023
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အားကစားပြိုင်ပွဲများနှင့် စာပေဆိုင်ရာပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ အမှတ် (၂) အခြေခံပညာအထက်ကျောင်း၌ ပြုလုပ်ခဲ့သည်။