မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

မိုင်းကိုင် ဖေဖော်ဝါရီ ၇

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရှမ်းလူငယ်လူရွယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ရှမ်းပြည်နယ်အလံတို့အား  အလေးပြုပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ‌တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးကလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး ထံမှပေးပို့သော သဝဏ်လွှာအား ဒေသကိုယ်စားလှယ် ဦးစိုင်းစံထွန်းကလည်းကောင်း ဖတ်ကြားခဲ့သည်။

ထို့နောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းတိုင်းရင်းသားရိုးရာ အကဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြရာ တက်ရောက်လာသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)