မင်းတုန်း ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန်ဝေခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးရေးဦး တည်ချက်၊ ဆောင်းပါး၊ ကာတွန်း၊ ကဗျာ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)