သတင်းများ

ငါန်းဇွန်မြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jul 25,2022
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နှင့် ဇွဲ”စာအုပ်အား လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့တွင်ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာပေပြပွဲ ကျင်းပ
Jul 25,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာပေပြပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။ 
ညောင်လေးပင်မြို့နယ်၌ စာရေးဆရာအသင်း အစည်းအဝေးကျင်းပ ပြုလုပ်
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁၃ နာရီက မြို့နယ်စာရေးဆရာအသင်းမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သခွါးသီးစိုက်ပျိုးတောင်သူများရာသီဥတုကောင်းမွန်၍အထွက်နှူန်းကောင်း စျေးကောင်းလည်းရသဖြင့်မိသားစုဝင်ငွေရရှိ
Jul 25,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကလိုင်းကနိုင်ကျေးရွာ၌ သခွားသီးစီးပွားဖြစ် စိုက်ပျိုးသူများအနေဖြင့် ယခုနှစ် မိုးရာသီတွင် ရာသီ ဥတုကောင်းမွန်ကာ မိုးလည်းနည်းသဖြင့် သခွါးသီးအထွက်နှူန်းများ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အ.ထ.ကတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်   အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲကျင်းပ
Jul 25,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်များ ပေးအပ်လှူဒါန်းပွဲကို၊ ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မိုးနေကြာမျိုးစေ့ထုတ်သင်တန်းနှင့် စမ်းသပ်ကွက်/ စံပြကွက်များအတွက် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 24,2022
မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မိုးနေကြာမျိုးစေ့ထုတ်သင်တန်းနှင့် စမ်းသပ်ကွက်/ စံပြကွက်များအတွက် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး သရုပ်ပြခြင်းနှင့် ကျောင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်
Jul 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ (အ.လ.က) စာသင်ကျောင်း၌ ယနေ့နံနက် (၉) နာရီခွဲ အချိန်က မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့်အဖွဲ့များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 24,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။