မူဆယ်မြို့၊ အထက်တန်းကျောင်းများ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ

မူဆယ် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မူဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(မန့်ဝိန်း)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ နံနက်(၁၀:၀၀)နာရီအချိန်တွင် မူဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(မန့်ဝိန်း)၌ လူငယ်စကားဝိုင်း စတင်ပြုလုပ်ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးသန်းဇော်ဦးမှ ကျောင်းသား/သူများ အသိပညာဗဟုသုတမြင့်မားစေရေးနှင့် စာဖတ်ခြင်းအလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် လူငယ်စကားဝိုင်းပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့အတူ အခြေခံပညာရေးဦးစီးဌာန၊ မူဆယ်မြို့နယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်လွမ်က ယခုကဲ့သို့ လူငယ်စကားဝိုင်းများကို ဆွေးနွေးပြောကြားနိုင်ရန်အတွက် ကျောင်းသား/သူများက ကျောင်းစာအပြင် အသိပညာဗဟုသုရရှိစေမည့် စာအုပ်/စာပေများ ဖတ်သင့်ကြောင်း ထပ်ဆင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး Grade-10 ကျောင်းသားလေး မောင်သိန်းစိန်မှ“လူငယ်နှင့်ရည်မှန်း ချက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသားလေးများဖြစ်သော မောင်ခန့်မင်းဟိန်းနှင့် မောင်ရဲပြည့်ဦးတို့မှ “လူငယ်နှင့်မူးယစ်ဆေးဝါး”နှင့် “လူငယ်နှင့်အားကစား”ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား/သူလေးများဖြစ်သော မောင်သူထူးနိုင်နှင့်မခင်မိုးဆွေတို့မှ “လူငယ်နှင့်မျိုးချစ် စိတ်ဓာတ်”နှင့် “လူငယ်နှင့်စာဖတ်ခြင်း” စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများနှင့် အပြန်အလှန်ဝေဖန် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နေ့လည်(၂း၀၀)နာရီအချိန်တွင် မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌လည်း လူငယ်စကားဝိုင်း ပြုလုပ်ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးနှင့်တကွ အခြေခံပညာရေးဦးဌာန၊ မြိုနယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်လွမ်တို့မှ တက်ရောက်လာသော ကျောင်းသား/သူများကို အသီးသီးအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Grade-10 ကျောင်းသား/သူလေးများဖြစ်သော မောင်ရာဇာမိုးနှင့်မစုရတီဝင်းတို့မှ “လူငယ်နှင့်အနာ ဂတ်ရည်မှန်းချက်” နှင့်“လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူလေး မဆုသန္တာထွန်းမှ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသားလေး မောင်အောင်ဘုန်းခန့်မှ “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသူ/သားလေးများ၏ ပြန်လည်မေးကြားချက်များကိုလည်း အပြန်အလှန်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသော ကျောင်းသား/သူများကို (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)