ကျောက်ဆည်မြို့နယ်တွင် ကြက်ဟင်းခါး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးအဆင်ပြေဆ၂
Feb 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်းစပါးကို အဓိကထား စိုက်ပျိုးကြသော်လည်း နေ့စဉ်ဝင်ငွေရရှိရေး မြစ်ဘေး၊ ချောင်းဘေးနှင့် ကျွန်းမြေ၊ သဲနှုန်းမြေများတွင် မီးဖိုချောင်သုံး ကာလတိုသီးနှံများဖြစ်သည့် ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ မုံညင်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချလျက်ရှိရာ အနောက်ငယ်တိုးကျေးရွာတွင် ကြက်ဟင်ခါး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။