ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဝါသနာရှင်များက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၈

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် စာရေးဆရာများဖြစ်ကြသည့် ဦးစောမျိုးအောင်(အိုင်ပီမျိုးအောင်)၊ ခိုင်မင်း (နေပြည်တော်)၊ စာရေးဆရာမ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU) တို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့မှု၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆွေးနွေးမှုအပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)