၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ထူးချွန်ဆုရ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

သာပေါင်း ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား အားကစားပွဲတော်သို့ သာပေါင်းမြို့နယ်မှ သွားရောက်ယှဉ်ပြိုင်ခဲ့ သည့် ထူးချွန်ဆုရ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်က‌ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်မှ အသက်(၁၈) နှစ်အောက် အားကစား ပြိုင်ပွဲတွင် တိုင်းအဆင့် ထူးချွန်အုပ်ချုပ်၊ နည်းပြ ဆရာ၊ ဆရာမများနှင့် အားကစားသမားများအား ဂုဏ်ပြုဝမ်းမြောက် စကားပြောကြားပြီး ဒုတိယဦးစီးမှူး(ကာယ) ဆရာ ဦးသာဆန်းက သွားရောက်ယှဉ်ပြိုင်ပွဲ အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။
ထို့နောက်  အသက်(၁၈)နှစ်အောက် အားကစားပြိုင်ပွဲတွင် တိုင်းအဆင့် အုပ်ချုပ်သူ ပညာရေးမှူးရုံး၊ ဒုတိယဦးစီးမှူး (ကာယ) ဦးသာဆန်း၊ ဘော်လီဘော(ဒုတိယ)၊ ဦးထူးထူးအောင်၊ အထက်တန်းပြ(ကာယ) ပြေးခုန်ပစ်နည်းပြ၊ ဦးအောင်သူဟန် အထက်တန်းပြ (ကာယ) ဘောလုံး လက်ထောက်နည်းပြ(ပထမ)၊ ဒေါ်သူသူဝင်း အထက်တန်းပြ (ကာယ) ဘောလုံး လက်ထောက်နည်းပြ (ဒုတိယ)၊ ဒေါ်သဉ္ဇာထွေး အထက်တန်းပြ (ကာယ) ပြေးခုန်ပစ် လက်ထောက် နည်းပြ၊ မောင်အောင်မျိုးထက် G-10 လက်ဆင့်ကမ်း(တတိယဆု)၊ မောင်ကောင်းစည်သူကျော် G-10 ဘောလုံး အားကစား(ဂိုး) ပထမဆု၊ မောင်နိုင်ထက်ခေါင် G-11 ဘောလုံးအားကစား(နောက်တန်း) ပထမဆု၊ မောင်ဇင်မင်းကို G-11 ဘောလုံးအားကစား (အလယ်တန်း) ပထမဆု၊ မအိဖြူဇင် G-10 ဘောလုံးအားကစား (နောက်တန်း) ဒုတိယဆု၊ မဥမ္မာထွေး G-10 ဘောလုံး အားကစား(ရှေ့တန်း) ဒုတိယဆု၊ စောဆက်ထီးခလိန် G-10 ဘော်လီဘော ဒုတိယဆု၊ နန့်ဆောင်နှင်းတွယ်တာနိုင်၊ G-6 ဘော်လီဘော ဒုတိယဆု၊ စောဇက်ခဲ G-8 ပိုက်ကျော်ခြင်း (ထူးချွန်ဆု) အားကစား သမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်နှင့် ဌာနဆိုင်ရာ တို့မှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး နံနက်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်