မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jul 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ စာပေကိုမြတ်နိုးတန်ဖိုးထား လာစေရန်၊ အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေး တတ်စေရန်၊ အတွေးအခေါ် အသိအမြင်များအား ပြန်လည်မျှဝေတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာပေမှ ရရှိသည့် ဗဟုသုတများဖြင့် အမှား/အမှန် ဝေဖန်ပိုင်းခြား နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။