သတင်းများ

မြို့သစ်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Feb 17,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းကို   ယမန်နေ့နံနက် ၁၁ နာရီက မြေပြင်သာကျေးရွာအုပ်စု သန်းကုန်းကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများ ငရုပ်သီးမျိုးပေါ်မူတည်ပြီးဈေကွာခြားမှုများ ရှိနေ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုပ်သီးအမြောက်အများ စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ငရုပ်သီးများ ရင့်မှည်ဆွတ် ခူးရောင်းချချိန် ငရုပ်မျိုးပေါ် မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာအုပ်စု ၊ရွာသစ်ကုန်းကျေးရွာ ငရုပ်စိုက်ပျိုးတောင်သူ ဦးကံချွန်ထံက သိရသည်။
ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်
Feb 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Feb 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ၂၀၂၀ခုနှစ်၊ စာပေဗိမာန် စာမူဆုပြိုင်ပွဲ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု တတိယဆုရရှိသော အမျိုးသားစာပေဆုရ စာရေးဆရာအောင်စိုး၏ "မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီဓလေ့ ထုံးတမ်းအစဉ်လာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နံရံကပ်ဓာတ်ပုံပြသ
Feb 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်နံရံကပ်ဓါတ်ပုံများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ဘိုးဘွားရိပ်သာတည်ဆောက်နိုင်ရေးညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်
Feb 17,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင် ကပေါင်မြို့အတွင်းရှိ ခိုကိုးရာမဲ့နေသည့် သက်ကြီးရွယ်အိုများအနေဖြင့် နားခိုရာနေရာတစ်ခုရရှိစေရန် ရည်ရွယ်၍ ဘိုးဘွားရိပ်သာကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
မိုင်းစံမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Feb 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်ယနေ့ နံနက် (၉)နာရီ အချိန်ခန့်ကပြသဆောင်ရွက်ထားကြောင်း သိရသည်။