ဘောဂလိ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှဘိန်းဆီထုတ်လုပ်သည့် အကြောင်းအရာများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော အက်ဖက်တမင်းပုံစံမျိုးကွဲများ၊ ၁၉ရာစုနှောင်းပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက်လက်ချင်းယှက်စသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကဗျာ၊ ကာတွန်းများ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ဒေသနေပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
မူးလားလာ(ပြန်/ဆက်)