သတင်းများ

စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Jul 22,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။
သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန(Community- Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၄)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ပုဂံလမ်းမကြီးပေါ်သို့ လဲကျနေသော သစ်ပင်အား ဖယ်ရှားရှင်းလင်း
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှေ့ ပုဂံလမ်းမကြီးပေါ်တွင်    သစ်ပင်တစ်ပင်  လဲကျနေခြင်းအား မြို့နယ် စည်ပင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ သွားရောက်ဖယ်ရှား ရှင်းလင်းပေးကြောင်း သတင်းရရှိသည်။
နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ် အသိပညာပေးဟောပြေပွဲပြုလုပ်
Jul 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲတို့၏ စီစဉ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း
Jul 22,2022
မိတ်ဆက်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်ဥမ္မာစမ်းက တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ Power Point အသုံး ပြုရှင်းလင်းပြောကြားသည်။
သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jul 22,2022
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ​​ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 
မိတ္ထီလာမြို့နယ်တွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း ၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် နံနက် ၉ နာရီ အချိန်ကလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကျင်းပ
Jul 22,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။