သတင်းများ

ကျိန္တလီမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အိမ်တိုင်ရာရောက်ပေးအပ်
Feb 17,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အသက်(၈၅)နှင့်အထက် ဘိုးဘွားများအား ယမန်နေ့ နေ့လည်ပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီး ခရိုင်/မြို့နယ် ဝန်ထမ်းများ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Feb 17,2023
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မြန်မာ့ရိုးရာ ထမနဲပွဲအား အစဥ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ထမနဲထိုးနည်းကို သားစဥ်မြေးဆက် လက်ဆင့်ကမ်းသင်ယူတတ်မြောက်စေရန် ဝန်ထမ်းများ စည်းလုံးညီညွတ်မှုအားဖြင့် လုပ်ငန်းတစ်ခုကို တက်ညီလက်ညီပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်လာနိုင်စေရန်နှင့် ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့်အတူ မိသားစုစိတ်ဓာတ်များ ရရှိလာစေရန်တို့အတွက် ရည်ရွယ်လျက် တိုင်းဒေသကြီး ခရိုင် မြို့နယ် ဝန်ထမ်းများ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများ ပြသ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ယနေ့ နံနက်(၈)နာရီက မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှားနှစ်နိုင်ငံ ရင်းနှီချစ်ကြည်စွာ သံတမန်ဆက်ဆံရေးဆောင်ရွက်နေမှုမှတ်တမ်း ဓာတ်ပုံများအား ပြည်သူများ လေ့လာကြည့်ရှုစေရန် ပြသထားကြောင်း သိရသည်။
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် နံရံကပ်ဘုတ် ပြသဆောင်ရွက်
Feb 17,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် နံရံကပ်ဘုတ်ပြသဆောင်ရွက်ခြင်းကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရွကပ် ပြဘုတ်တွင် ယမန်နေ့ ၊ နေ့လည် ၁၂ နာရီအချိန်ကစတင်ပြသထားရှိထားကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Feb 17,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းကို   ယမန်နေ့နံနက် ၁၁ နာရီက မြေပြင်သာကျေးရွာအုပ်စု သန်းကုန်းကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများ ငရုပ်သီးမျိုးပေါ်မူတည်ပြီးဈေကွာခြားမှုများ ရှိနေ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုပ်သီးအမြောက်အများ စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ငရုပ်သီးများ ရင့်မှည်ဆွတ် ခူးရောင်းချချိန် ငရုပ်မျိုးပေါ် မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာအုပ်စု ၊ရွာသစ်ကုန်းကျေးရွာ ငရုပ်စိုက်ပျိုးတောင်သူ ဦးကံချွန်ထံက သိရသည်။
ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်
Feb 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Feb 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ၂၀၂၀ခုနှစ်၊ စာပေဗိမာန် စာမူဆုပြိုင်ပွဲ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု တတိယဆုရရှိသော အမျိုးသားစာပေဆုရ စာရေးဆရာအောင်စိုး၏ "မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီဓလေ့ ထုံးတမ်းအစဉ်လာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။