ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသ

ပန်ဆိုင်း ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(​မြောက်​ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ ​နေ့လည်​(၃:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ခင်းကျင်း ပြသခဲ့သည်။   

အဆိုပါ နံရံကပ်ပြဘုတ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ၊ လမ်းသွားလမ်းလာ မိဘပြည်သူများ ဝင်ရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပန်ဆိုင်း(ပြန်/ဆက်)