သတင်းများ

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Feb 17,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ ၁၀၄×၁၀၅လမ်းကြားရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဇဗ္ဗူရစ် ရွှေစင်ခန်းမတွင် ပထမနှစ် ဘီဒီအက်စ်(၁၁/၂၀၂၂) သင်တန်းကျောင်းသား၊ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၈:၃၀ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်၊ အမကဝမ်နားစာသင်ကျောင်း၌ စာပေစကားဝိုင်းကျင်းပ
Feb 17,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.မ.က ဝမ်နားစာသင်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
မိတ္ထီလာမြို့နယ် ကျေးရွာဒေသအချို့၌ မေမြို့ပန်းစိုက်ပျိုးရောင်းချသူတောင်သူများ မိသားစုဝင်ငွေရအဆင်ပြေ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာဒေသအချို့တွင် မေမြို့ပန်းစိုက်ပျိုး၍ ရောင်းချသည့်လုပ်ငန်းမှ နေ့စဉ်ဝင်ငွေရ၍ အဆိုပါပန်းစိုက်ပျိုးသူတောင်သူများ မိသားစုဝင်ငွေရအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံစာစောင်၊ဓာတ်ပုံပြပွဲပြုလုပ်
Feb 17,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Community Centre ခန်းမ၌  လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ​ပြပွဲတို့ကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
 ပေါက်တောမြို့နယ် (အ.လ.က)တောင်းဖူး၌ လူငယ်စကားဝိုင်းကျင်းပ
Feb 17,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ညနေ ၃ နာရီက ပေါက်တောမြို့နယ်တောင်းဖူးကျေးရွာရှိ အ.လ.ကကျောင်း စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
သာစည်မြို့နယ်တွင်အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Feb 17,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းပုံများပြသဆောင်ရွက်
Feb 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင် ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်များ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ ကြည့်ရှု လေ့လာသိရှိနိုင်စေရန်