လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နံရံကပ်ဓာတ်ပုံပြသ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်နံရံကပ်ဓါတ်ပုံများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများ၊ ရုရှားနိုင်ငံပိုင် ရုရှားရဟတ်ယာဉ် ကုမ္ပဏီများနှင့် အာကာသယာဉ် လွှတ်တင်‌ရေးစခန်းတို့ကို နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံ အကြီးအကဲများ ကြည့်ရှုလေ့လာကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ပြသထားရှိရာ ပြည်သူ့များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)