ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများ ငရုပ်သီးမျိုးပေါ်မူတည်ပြီးဈေကွာခြားမှုများ ရှိနေ

ညောင်ဦး  ဖေဖော်ဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုပ်သီးအမြောက်အများ စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ငရုပ်သီးများ ရင့်မှည်ဆွတ် ခူးရောင်းချချိန် ငရုပ်မျိုးပေါ် မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာအုပ်စု ၊ရွာသစ်ကုန်းကျေးရွာ ငရုပ်စိုက်ပျိုးတောင်သူ ဦးကံချွန်ထံက သိရသည်။

ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများသည် မြေအောက်ရေတူးဖော်ကာ လယ်၊ယာ၊ ကိုင်း ၊ကျွန်း၊ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြကာ ဈေးနှုန်းကောင်းနိုးရာရာ သီးနှံများ စိုက်ပျိုးကြပြီး ယခုနှစ်တွင်လည်း ငရုပ်စိုက်ပျိုးကြရာ ငရုပ်များအောင်မြင်ဖြစ် ထွန်းပြီး အသီးသီးနှုန်းလည်း ကောင်းမွန်ကာ ငရုပ်သီးဈေးနှုန်းမျိုးအပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားသွားကြောင်း သိရသည်။ မြေအောက်ရေသွင်း စိုက်ပျိုးကြသည့် ညောင်ဦးမြို့နယ်၊ ငရုပ်စိုက်ပျိုးတောင်သူများသည် မျှားနီတံဆိပ် အောက်ဆွဲသီးနှင့် မျှားနီတံဆိပ်မိုး ထောင်သီးနှစ်မျိုး စိုက်ပျိုးကြကြောင်း၊ ငရုပ်သီးဆွတ်ခူးရောင်းချချိန် မျှားနီတံဆိပ် အောက်ဆွဲသီးတစ်ပိသာနှစ်ထောင်ကျပ် ရောင်းချရပြီး၊ မျှားနီတံဆိပ်မိုးထောင်သီး တစ်ပိသာ နှစ်ထောင်ငါးရာကျပ် ရောင်းချရကြောင်း ငရုပ်စိုက်တောင်သူဦး နိုင်ဝင်းက ရှင်းပြသည်။

ငရုပ်စိုက်ပျိုးခြင်းအား အစေ့ပျိုးဘောင်ဖြင့် ပျိုးထောင်ကြကာ ၄၅ ရက်သားရှိလျှင် စိုက်မည့် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရကြောင်း ရွေ့ပြောင်းစိုက်ပျိုးပြီး တစ်လခွဲအချိန်တွင် အဖူး အပွင့်ပွင့်ကာ အသီးစတင်သီးပြီး ငရုပ်သီးရင့်ချိန် ခူးရောင်းကြကြောင်း သိရသည်။ ငရုပ်သီးခူးသမတစ်ဦးတနေကုန် သုံထောင်ကျပ်ပေးရပြီး ထွက်ရှိလာသည့် ငရုပ်သီးများအား ပခုက္ကူဈေးကွက်၊ ညောင်ဦးဈေးကွက်၊ မြင်းခြံ၊ မန္တလေးသို့ ကိုယ်တိုင်သွားရောက် ရောင်းချခြင်း၊ ငရုပ်သီးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း သိရကာ မိုးထောင်ငရုပ်သီးနှင့် အောက်ဆွဲသီးဈေးနှုန်းမှာလည်း ဈေးနှုန်းကွာခြားကြောင်း ငရုပ်စိုက်တောင်သူများက ရှင်းပြသည်။

ဒီပါလင်း