သတင်းများ

နတ်မောက်မြို့၌ စမ်းသပ်ကွက် ဆီထွက်သီးနှံပန်းနှမ်းရိတ်သိမ်းရာ တစ်ဧက (၁၄) တင်းထွက်ရှိ
Feb 17,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ပန်းနှမ်းများစမ်းသပ်စိုက်ပျိုးခဲ့ရာ
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သောဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သုတရသစာအုပ်စာစောင် မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။
ဟုမ္မလင်း​မြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ.လ.က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်ခေါင်ခမ်းကျေးရွာ အ.လ.က စာသင်ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့​ကြောင်းသိရသည်။
အိမ်မဲမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များတွေ့ဆုံပွဲပြုလုပ်
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီတွင် မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဝင်းဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊လုပ်ငန်းရှင်များတွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။
မံစီမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကျင်းပ
Feb 17,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် သမဝါယမဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မံစီမြို့နယ်သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂(၆) လချုပ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မယ်စဲ့မြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နံရံကပ်စာစောင် ပြသဆောင်ရွက်
Feb 17,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် မှတ်တမ်းဓာတ်ပုံများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးနံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်စာဖတ်ဝိုင်းဆောင်ရွက်
Feb 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်
Feb 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့ညနေ ၃ နာရီခွဲက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။