မြို့သစ် ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြေပြင်သာကျေးရွာအုပ်စု သန်းကုန်းကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးသိန်းဇော်မင်းက ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာဖတ်ရှုကြရန်၊ ကိုယ်ခန္ဓာကျန်းမာစေရေးအတွက် အားကစားနည်းတစ်မျိုးမျိုးကို ကိုယ်လက်လှုပ်ရှားကစားကြရန်နှင့် နောင်အနာဂတ်တွင် ကျန်းမာသန် စွမ်းသည့် လူတော်လူကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် အသိ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ လေ့ကျင့်ရေးအတွက် အားကစားပစ္စည်းများထောက်ပံ့ရာ သန်းကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)