ကျွန်းလှမြို့၌ (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်မှတ်တမ်းဓာတ်ပုံများပြသ

ကျွန်းလှ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့က(၇၅)နှစ် မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကျရောက်သည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်း အမှတ်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ၏ တွေ့ဆုံမှုမှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများနှင့် နှစ်(၂၀) ပြည့် အာဆီယံ-ရုရှားဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှတ်ဓါတ်ပုံများပြသထားရာ ပြည်သူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။

မျိုးဝင်းညို ကျွန်းလှ