(၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသော အနေဖြင့် မှတ်တမ်းဓါတ်ပုံများ ကျောက်ကြီးမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ

ကျောက်ကြီး ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့မွန်းလွဲပိုင်း အချိန်က (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ ပြသခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော် အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး အကြောင်းအရာများ၊ ကျန်းမာရေးနှင့် သဘာဝဘေး အသိပညာပေးအကြောင်းအရာများကို ဌာနရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများသိရှိနိုင်စေရေး ပြသဆောင်ရွက်လျှက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ၏ တွေ့ဆုံမှုမှတ်တမ်း ဓါတ်ပုံများကို ဖော်ပြထားရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြည့်ရှုလေ့လာနိုင်ရေး ပြသထားခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်