သာယာဝတီ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးထူးထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်း ဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် နံရံကပ်ပြဘုတ် တွင် ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွားလမ်းလာ မိဘပြည်သူများ ဝင်ရောက် ကြည့်ရှု လျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)