မက်မန်းမြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မက်မန်း ဖောဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ခရိုင်အမျိုး သမီးရေးရာအဖွဲ့၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်း အနားကို ယမန် နေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက ရှမ်းပြည်နယ်(တောင်ကြီး)မြို့တွင် ကျင်းပပြုလုပ် ခဲ့သော အမျိုးသမီးရေးရာအဖွဲ့၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား၏ လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၉)ရပ်အား ဖတ်ကြားခြင်း၊ လအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဖတ်ကြားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့် ရှင်းလင်းပွဲသို့ ခရိုင်၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)