ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရွှေတောင် ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကံသုံးဆင့်ကျေးရွာအုပ်စု ကွင်းအမှတ် (၄၇၉) ကွင်းအမည်ရွာကုန်း-C ရှိ အသေးစားမွေးမြူရေးဇုန် အကောင်ထည်ဖော်လျာထားနေရာသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့် အဖွဲ့ဝင်များ အသေးစားမွေးမြူရေးဇုန် (ရွှေတောင်)ခရိုင် ကြီးကြပ်မှုကော်မတီနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီး အကဲများမှ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ အသေးစားမွေးမြူရေးဇုန် (ရွှေတောင်)မြို့နယ် ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက အသေးစားမွေးမြူးရေးဇုန် ကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြေနေရာရှင်းလင်းခြင်းလုပ်ငန်း၊ လမ်းအူကြောင်း ဖောက်လုပ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်းများနှင့် ပတ်သက် ၍ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းတစ်ခုချင်းအလိုက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ရွှေနတ်တောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူ လှူဒါန်းနေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပြန်လည်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)