ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ကျောက်မဲ ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ နမ့်ဟူးတောင်းအပေါ်ရွာရှိ တရုတ်ဘုံကျောင်းတွင် ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌စိုးညွှန့်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြင့်ဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်း အဆိုပါဟောပြောပွဲသို့ နမ့်ဟူးတောင်းကျေးရွာရှိ စက္ကူပြုလုပ်မည့် ဝါးကုန်ကြမ်းများ သိုလှောင်ထားသည့် ဒေသခံပြည်သူများ(၅၀) ဦးခန့် တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ လက်တွေ့သရုပ်ပြခြင်းများ ကွင်းဆင်းပြုလုပ်ရခြင်းမှာ ပြည်သူများ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်စေရန်၊ မီးဘေးအန္တရာယ် အထူးဂရုပြုကြစေရန် ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)