ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၀
ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံ၊ မိုးစပါး၊ မတ်ပဲ သုံးသီးစားစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဥတ္တရသီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနိုင်က နွေသီးနှံ၊မိုးစပါး၊ မတ်ပဲ၊ သုံးသီးစားစိုက်ပျိုးနိုင်ရေး၊ ဆည်မြောင်းဦးစီးဌာနမှလည်း ရေအလုံအလောက်ပေးဝေနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆွေးနွေးပွဲသို့ တောင်ညိုကျေးရွာအုပ်စု မရမ်းခုံကျေးရွာရှိ တောင်သူ(၃၅)ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)