သတင်းများ

ခရမ်းမြို့နယ်၌ နွေရာသီ စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့် ဂိမ်းကစားခြင်းများဆောင်ရွက်
Feb 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်း ပိတ်ရက်တွင် စာပေဖတ်ရှုရန် လာရောက်သည့် စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများအား ငယ်စဉ်ကတည်းက လိမ္မာရေးခြားရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ကန်ဇွန်းဥစိုက် တောင်သူများ ယခင်နှစ်ကထက် ဈေးကောင်းရရှိ
Feb 20,2023
ကန်ဇွန်းဥများကို သဲမြေဆန်ပြီးနှုံးမြေပေါများသည့် ဒေသများတွင်သာစိုက်ပျိုးလေ့ရှိကြောင်း၊ ယခုလိုမြေနေရာမျိုးသည် မြန်မာနိုင်ငံအတွင်း မြစ်ရိုးတစ်လျှောက်မြို့ရွာများသာ အများဆုံးတွေ့နိုင်ကြောင်း၊ယခုလို ကန်ဇွန်းဥစိုက်ပျိုးခြင်းမျိုးဆိုရင် နှုံးမြေဆန်တဲ့နေရာမျိုးကိုသာ စီးပွားဖြစ်စိုက်ပျိုးနေကြောင်း တောင်သူတစ်ဦးထံက သိရသည်။
တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကြားရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) ပြန်လည်ဖွင့်လှစ်
Feb 20,2023
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို ကိုဗစ်-၁၉ ရောဂါကြောင့် သုံးနှစ်ဝန်းကျင်ပိတ်ထားရာမှ ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Feb 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များမီးဘေး လုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဒလ-တွံတေးကားလမ်းမကြီးဘေး၊ ကမာကဆစ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Feb 20,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster) ဆက်လက်ထိုးနှံ
Feb 20,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် ဒေသခံပြည်သူ(၄၄)ဦး လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။
မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများ နွေစပါးစိုက်ပျိုးရေးတွေ့ဆုံဆွေးနွေး
Feb 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် ရေဦးကုန်းကျေးရွာအုပ်စု ရေဦးကုန်းကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လိမိတက်ရုံးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများ နွေစပါးစိုက်ပျိုးရေး တွေ့ဆုံဆွေးနွေးခဲ့ကြရာ နွေစပါးစိုက်တောင်သူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Feb 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။