ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jul 23,2022
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား အမှိုက်ကင်းစင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သော သန့်ရှင်းသာယာလှပ သော အစိမ်းရောင်ခရီးသွားမြို့တော် ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်းတွင် ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။