ပလောက် ဖေဖော်ဝါရီ ၂၀
ကျောင်းသား/ကျောင်းသူများ ကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ အသိပညာဗဟုသုများနှင့် ပျော်ရွှင်စရာ အစီအစဉ်များကို စိတ်ဝင်စားစွာ ပါဝင်ရေးအတွက် ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများက “ မိတ်ဆွေငါးဦး” ပုံပြင်ကို ဟန်အမူအရာများဖြင့် သရုပ်ဖော်ပြိုင်ပွဲဝင်ခြင်း ဆောင်ရွက်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်