သတင်းများ

မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 26,2022
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 26,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် (၄၆) ရပ်ကွက်၊ ဗိုလ်စောဦးလမ်းနှင့် (၄၉)ရပ်ကွက်၊ ဗိုလ်နက်ကျော်လမ်း သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာ‌ပေ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ မွှန်းလွှဲ (၃)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
မိုးတွင်းကာလ၌ မအီမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသနေပြည်သူများ မျှစ်ချိုးရောင်းချခြင်းဖြင့် အဆင်ပြေ
Jul 26,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်၊ မအီချောင်းဖျားရှိ တောင်ပေါ်ဒေသနေ ပြည်သူများမှာ မိုးတွင်းကာလတွင် သဘာဝအလျောက် ရာသီအလိုက် ပေါက်ရောက်သည့် မျှစ်များကို ချိုးယူရောင်းချခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စားဝတ်နေရေးအတွက် သင့်တင့်စွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ကျေးရွာအုပ်စု(၂၆)အုပ်စု ထုတ်ချေးပြီးစီး
Jul 26,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။
ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster dose ထိုးနှံပေး
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်က ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။