သတင်းများ

ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သွားလာရန်ခက်ခဲပြီး လျှပ်စစ်မီးမရရှိသည့် စာသင်ကျောင်းများအား ဆိုလာနှင့်လျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Feb 21,2023
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သွားလာရန်ခက်ခဲပြီး လျှပ်စစ်မီးမရရှိသည့်
ကျောက်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 21,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက ဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade - 9‌ အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သိရှိစေရန် ကျောင်းသားမိဘများအား အသိပညာ‌ပေး ဆွေးနွေး
Feb 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သိရှိစေရန် ကျောင်းသားမိဘများနှင့်‌ ဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါကျောင်းရှိ ကျောက်စိမ်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
“၇၅”နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်
Feb 21,2023
၂၀၂၃ ခုနှစ် “၇၅” နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားအား အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဒေသခံ ချင်းတိုင်းရင်းသူ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ မုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ချင်တိုင်းရင်းသား ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဆလိုင်း လှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
စလင်းမြို့နယ် သရက်တောကျေးရွာအုပ်စု သရက်တောကျေးရွာတွင် CCC မီးဖို (၂၇၇)လုံး အခမဲ့ဖြန့်ဝေ
Feb 21,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ကိုးရီးယားသမ္မတနိုင်ငံ Cli mate change center ၏ အစီအစဉ်ဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ စလင်းမြို့နယ် သရက်တောကျေးရွာရှိ အိမ်ထောင်စု(၂၇)စုအတွက် စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ဖြန့်ဝေခြင်းကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ဘုန်းတော်ကြီးကျောင်းဝိုင်းအတွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေး(191) စတေကာ ကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်  ၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် (191)စတေကာကပ်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ယနေ့နံနက် ၈ နာရီအချိန်က မြိတ်-ထားဝယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ပုလောမြို့ တံတားတိပ်တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဘူးသီးတောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Feb 21,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းဆောင်ရွက်
Feb 21,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးသို့သွားရောက်၍ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။