တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး လျက်ရှိ

တောင်သာ ဖေဖော်ဝါရီ  ၂၁

တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားများပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် တောင်သာမြို့နယ်ရှိ မြို့ပြပင်စင် (၁၃၁၄) ဦး၊ ကာကွယ်ရေးပင်စင် (၆၀၄)ဦး၊ နိုင်ငံရေးပင်စင် (၂၁၅) ဦး စုစု ပေါင်း(၂၁၃၃) ဦးရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအား မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် အဆိုပါပင်စင်လစာများကို ဇန်နဝါရီလ (၂၃) ရက်နေ့မှစ၍ တောင်သာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နံနက်(၅) နာရီ အချိန်မှစ၍ နေ့လည် (၂) နာရီ အချိန်ထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)