တောင်ငူ-လွိုင်ကော်ပြည်ထောင်စုလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားငယ်များတည်ဆောက် ကတ္တရာခင်းခြင်းလုပ်ငန်းများပြီးစီးသွားပြီဖြစ်၍ သွားလာအသုံးပြုမှု အဆင်ပြေချောမွေ့

လိပ်သို  ဖေဖော်ဝါရီလ ၂၁

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း NH (21) ပြည်ထောင်စုလမ်းမပေါ်ရှိ သံကူကွန်က ရစ်တံတားငယ် (၂) စီး တည်ဆောက်က္တရာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားငယ် (၂) စီးမှာ ကရင်ပြည်နယ်၊ လိပ်သိုအပိုင်း ငှက်ပျောတောကျေးရွာအနီး မိုင်တိုင်အမှတ် (၄၂-၄၃) အကြားနှင့် ဒါရိုးကျေးရွားအနီး မိုင်တိုင်အမှတ် (၆၀/၀) –(၆၁) အကြားတွင်တည်ရှိပြီး ယခင်ကသံဘေလီတံတားဟောင်းများဖြစ်ကာ မကြာခဏပြုပြင်ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ယခုအခါ အဆိုပါတံတားဟောင်းများအစား အရှည် (၁၀) ပေ၊ အကျယ် (၂၄) ပေရှိ သံကူကွန်ကရစ်တံတားသစ်များဖြင့် အစားထိုးတည်ဆောက်ပေးနိုင်ခဲ့မှုကြောင့်  မော်တော်ယာဉ်များနှင့် ဒေသထွက်ကုန်သီးနှံကုန်စည်များ သယ်ယူပို့ဆောင်မှု ယခင်ကထက် ပိုမိုလွယ်ကူ မြန်ဆန်လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)