ရိုးရာဓလေ့ အစဉ်အလာအတိုင်း နွားလှည်းအစီး ၃၀ ပါယာဉ်တန်းဖြင့် ဘုရားဖူးထွက်ဦးမည်
Mar 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်းရွာသူ၊ ရွာသားများသည် ယခုနှစ်လည်း ရိုးရာဓလေ့အစဉ်အလာအတိုင်း တပေါင်းလဆန်း ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် လှည်းအစီး ၃၀ ပါ ယာဉ်တန်းဖြင့် စတင်၍ တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ ၄ ရက်တိုင် ညအိပ် ဘုရားဖူးထွက်ခွါမှာဖြစ်ကြောင်း မင်းလှကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုံးကြိုင်ထံမှ သိရသည်။