နမ့်ဆန် မတ်လ ၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက် ဘုရားကြီးကုန်းပေါ်တွင် တည်ထားကိုးကွယ်သော မဟာမြတ်မုနိဘုရားတွင် ဆွမ်းတော်ကပ်လှူပူဇော်နိုင်ရန်အတွက် နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းဆရာတော်၏ လမ်းညွှန်မှုကို ခံယူကာ ဂေါပကအဖွဲ့များက မတ်လ ၁ ရက်နေ့တွင် မြို့မဂိုဏ်းချုပ်ကျောင်းမှ မန်မိုင်ရပ်ကွက် သို့လည်းကောင်း၊ မတ်လ ၂ ရက်နေ့တွင် မြို့မဂိုဏ်းချုပ်ကျောင်းမှ ဇယန်းကြီးကျေးရွာသို့ လှည့်လည်အလှူခံမည်ဖြစ်ကြောင်း၊ ယနေ့နံနက်(၉)နာရီတွင် မြို့မဂိုဏ်းချုပ်ကျောင်းမှ မဟာ မြတ်မုနိ တည်ထားကိုးကွယ်ရာ ဘုရားကြီးကုန်းတော်ပေါ်သို့ ဆွမ်းတော်ကြီး လှည့်လည်အလှူခံလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆွမ်းတော်ကြီးလှည့်လည်အလှူခံခြင်းသည် (၃၆)ကြိမ်မြောက်ဖြစ်ပြီး အလှူခံရရှိသော လှူဖွယ်ပစ္စည်းများကို တပေါင်းလပြည့်နေ့ နံနက်တွင် စုပေါင်းဆွမ်းကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း မြို့နယ်ဂေါပကဥက္ကဋ္ဌ ဦးမောင်ကျော်ထံမှ သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်