ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာတွင် ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး
Aug 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။