သတင်းများ

နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက် အဆင့်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Aug 14,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားကတ်အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းမြို့ အဆင့်မြင့်အိမ်တွင်းမှု သင်တန်းကျောင်း၌ အေရိုးဗစ်(Fitnessdance) အက သင်တန်းသင်ကြားပို့ချ
Aug 14,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အိမ်တွင်းမှုသင် တန်းကျောင်းတို့ ပူးပေါင်း၍  အေရိုးဗစ်(Fitnessdance)အကသင်တန်းကို ယမန်နေ့ နေ့လည်က အမ်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ သင်ကြားပို့ချခဲ့သည်။
ပုသိမ်ကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 14,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ယမန်နေ့ နံနက် (၈)နာရီအချိန်က ကျွဲစွန်းဆိပ်ကမ်းတွင် ပြုလုပ်ကျင်းပ ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၂၂၈၉၃)ဦး ထိုးနှံပြီးဖြစ်
Aug 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက်(၉)နာရီခွဲတွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၂၂၈၉၃)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။
သာစည်မြို့ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Aug 14,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်းတို့၏ မျိုးစိတ်အသစ် BA-4 နှင့် BA-5 အသစ်များ ကြိုတင်ကာကွယ်ရေး  မြို့ပေါ်လူစည်ကားရာ နေရာများနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Aug 14,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ က လက်ပန်ငူကျေးရွာအုပ်စု၊ လက်ပန်ငူကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရွှေဘုံသာ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေး ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်(၉)နာရီကက အခြေခံပညာ မူလတန်းရွှေဘုံသာကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံမည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံမည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။