ဖားဆောင်း မတ် ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်ပြည့်စုံစေရေးအတွက် မြို့သန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းရှေ့နှင့် ဘေးပတ်ဝန်းကျင်လမ်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များ တွင် မီးဘေးလုံခြုံမှုရှိစေရန်အတွက် သစ်ရွက်ခြောက်များသစ်ပင်များ အမှိုက်များ ကြိုတင်ရှင်းလင်းထားရခြင်း ဖြစ်ကြောင်း မြိုအင်္ဂါရပ်နှင့်ညီစေရန် သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အပတ်စဉ် စနေနေ့တိုင်းကို မြို့သန့်ရှင်းရေးနေ့ သတ်မှတ်၍ စုပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးကပြောကြားသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၈) ဦးက မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်အားကစားရုံရှေ့နှင့် ဘေးပတ်ဝန်းကျင် လမ်းဘေးဝဲယာရှိ သစ်ရွက်ခြောက်များ၊ သစ်ပင်များ၊ ပေါင်းမြက်များ၊ အမှိုက်နှင့်ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)