သတင်းများ

ဟိုပန်မြို့နယ်၌ နယ်သာလန် အာလူးမျိုး (Markies) မျိုးသန့်ပွားစိုက်ခင်းများ စတင်ရိတ်သိမ်း
Mar 04,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အာလူးမျိုးကောင်း မျိုးသန့်ပြန့်ပွား စေရန်၊ အလုပ်အကိုင်အခွင့်လမ်းရရှိစေရန်၊ တောင်သူများ ဝင်ငွေတိုးပွားလာစေရန်နှင့် အာလူးမျိုးသန့်ပွားစိုက်စနစ်များ၊ ပြုစုသိုလောင်မှုစနစ်များ အသိပညာရရှိစေရန်အတွက် နယ်သာလန် အာလူးမျိုး မာကီးစ်(Markies)အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်က "ဝ"တောင်တန်း မျိုးစေ့ထုတ်သမဝါယမအသင်းဝင် တောင်သူများ၏ မျိုးသန့်ပွား စိုက်ခင်း စတင်စိုက်ပျိုးခဲ့ရာ ယနေ့နံနက်(၁၀)နာရီက အဆိုပါ ဆောင်းအာလူးမျိုးသန့်ပွားစိုက်ခင်းရှိ အာလူးသီးနှံများအား စတင်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Mar 04,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ  နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
မုံရွာခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့်တောင်သူများ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး ဟင်းသီး/ ဟင်းရွက်နှင့် စားဖိုဆောင် သီးနှံစံပြ စိုက်ခင်းသို့ ကွင်းဆင်းလေ့လာ
Mar 04,2023
မုံရွာခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး အိုးဘိုတောင်ရပ်ကွက် ချင်းတွင်းမြစ်ကမ်းဘေးတွင် စိုက်ပျိုးထားရှိသော ဟင်းသီး/ဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ စံပြစိုက်ခင်းသို့ ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် မုံရွာမြို့နယ်မှ တောင်သူများ သွားရောက်ကွင်းဆင်းလေ့လာ ခဲ့သည်။
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် သိမ်အင်း- သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ
Mar 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်အကောင် အထည်ဖော်ဆောင်ရွက်သော ပြင်ဦးလွင်မြို့နယ် သိမ်အင်း-သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများဆောင်ရွက်
Mar 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ဇေယျာသီရိဈေး၌   မီးဘေးအန္တရာယ်ကြို တင်ကာ ကွယ်ရေး အသိပညာပေဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ယမန်နေ့ နေ့လယ်(၃)နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
ကံမမြို့နယ် သပြေကိုင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကံမမြို့နယ် စီကျေးရွာအုပ်စု သပြေကိုင်း ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Mar 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ စာစစ်ဌာနပြုလုပ်မည့် စာသင်ကျောင်းများအား  မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 04,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် စာသင်ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။