သရက်ချောင်းမြို့နယ်တွင် နွေရာသီအားကစား အခြေခံဘောလုံး သင်တန်းဖွင့်လှစ် သင်ကြား

သရက်ချောင်း မတ် ၇

နွေရာသီကျောင်းပိတ်ရက်သို့ ရောက်လာပြီဖြစ်၍ ကျောင်းသား/သူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချစေရန်၊ လူငယ်များ လေလွှင့်မှုမရှိစေရန်၊ ထူးချွန်သည့် လူငယ်ဘောလုံး သမားပေါ်ထွက်လာစေရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နွေရာသီအားကစားအခြေခံ ဘောလုံးသင်တန်းကို မတ်လ ၁ ရက်မှစ၍ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်၊ ပန်းတောဘောလုံးကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းအား သရက်ချောင်းမြို့နယ်၊ ဘောလုံးနည်းပြဆရာများက အခြေခံကစားနည်းများဖြစ်သည့် သွေးပူလေ့ကျင့်ခန်းများ၊ အကြောဖြေ လျော့နည်းများ၊ ဘောလုံးထိန်းနည်း၊ လူပေးကစားနည်း၊ ဘော်လုံးဆွဲပြေးကစားနည်း၊ အသင်းလိုက် ယှဉ်ပြိုင်မှုများ၊ ဘော်လုံးသမားကောင်းတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော စိတ်ဓါတ်ပိုင်းများ၊ ဘော်လုံးဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများအကြောင်း သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းကို မတ်လ ၁ရက်နေ့မှ ၃၁ရက်နေ့အထိ (၁)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)