ရန်ကုန် မတ် ၇
စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် "ဆန်စပါးဥပဒေ(မူကြမ်း)" ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ်မင်္ဂလာခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရှင်းလင်းတင်ပြဆွေးနွေးပြီး ဥပဒေမူကြမ်းအား power Point ဖြင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ရှင်းလင်းတင်ပြသည်။
ယင်းနောက်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ ဆက်)