အင်္ဂပူမြို့တွင် ဗုဒ္ဓဘာသာ သုတအဖြာဖြာနှင့် English Grammer သင်တန်းဖွင့်လှစ်

အင်္ဂပူ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်ပိုင်းက ပရိယတ္တိပျိုးခင်းဆရာတော်များဦးစီး၍ အင်္ဂပူမြို့နယ်အသင်း (ရန်ကုန်/ဌာနေ)နှင့် မြို့မိ၊ မြို့ဖများ   ပူး‌ပေါင်းဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသုတအဖြာဖြာနှင့် English Grammer သင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ ဇေယျသုခကျောင်းဆရာတော် ဦးရေဝတဓမ္မမှ ဩဝါဒစကား မိန့်ကြားခဲ့သည်။ ထို့နောက် ပရိယတ္တိပျိုးခင်းအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ (သာသနဓဇဓမ္မာစရိယ)နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးတို့မှ အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ပရိယတ္တိ ပျိုးခင်းအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အင်္ဂပူမြို့ ရပ်မိရပ်ဖများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး သင်တန်းကို မတ်လ(၇)ရက်နေ့မှ မတ်လ (၂၃)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)