ညောင်ဦးမြို့နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကွင်း ဆင်းစစ်ဆေး

ညောင်ဦး မတ်  ၇

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ (၈)ရက်နေ့တွင် နိုင်ငံတဝှမ်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာနှင့်လုံခြုံစိတ်ချစွာ ဝင်ရောက်ဖြေဆိုနိုင် ရေးအတွက် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ရာ ပြင်ဆင်ထားရှိမှုအခြေ အနေများကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များနှင့်တာ ဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု၊ ဖွင့် လှစ်ထားရှိဖြေဆိုသွားမည်ဖြစ်ကြောင်းသိရပြီး အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) စာစစ်ဌာန၌ ကျောင်းသား (၁၁၂)ဦး၊ ကျောင်းသူ(၁၆၇)ဦး၊ ပုဂံမြို့သစ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ (၇၂)ဦး၊ ငါ့သ ရောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူ(၂၀)ဦး ၊ကျောင်းသူ(၄၇)ဦး ဖြေဆိုမည်ဖြစ်ရာ ကျောင်းသား(၂၂၉)ဦး၊ ကျောင်းသူ (၃၆၆)ဦး ၊စုစုပေါင်း (၅၉၅)ဦးဖြေဆို မည်ဖြစ်ကြောင်းသိရပြီး ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာနှင့်လုံခြုံစိတ်ချ စွာဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးတိုးလွင် နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ လိုက်ပါလျက် စာစစ်ဌာနများတွင် စာမေးပွဲခန်းပြင်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ အပြင်စည်း၊ အတွင်းစည်းလုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမားရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ထားမှုများကို လှည့်လည်စစ်ဆေးကြရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လိုအပ်သည်များရှင်းလင်းတင်ပြကြပြီး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း