သဲကုန်း မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမည့် ကျောင်းဆောင်နှင့် စာဖြေခန်းများ ပြင်ဆင်ထားရှိမှု၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လုံခြုံရေး ဆောင်ရွက်မည့် အစီအစဉ်များ လမ်းညွှန်မှာကြားခဲ့သည်။
သဲကုန်းမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.ကသဲကုန်း၊ အ.ထ.က- ပုတီးကုန်း၊ အ.ထက-ဆင်မြီးဆွဲ၊ အ.ထ.က အင်းမတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၉၂)ဦးတို့ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဝင့်နန္ဒာဌေး