ပြည်ကြီးမဏ္ဍိုင် မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများ DYL အသားတိုးဝက်အား တစ်နိုင်တစ်ပိုင်အဖြစ်လည်ကောင်း၊ စီးပွားဖြစ်လည်ကောင်း မွေးမြူလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရှေ့ရပ်ကွက်နေ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက DYL အသားတိုးဝက်မွေးမြူရာတွင် ဝက်သားပေါက်မှစ၍ ဝယ်ယူမွေးမြူရာ တစ်ကောင်လျှင် (၈၀၀၀၀) ကျပ် ဝယ်ယူရကြောင်း၊ ဝက်ကြီးအတွက် အစာအား တစ်အိတ်လျှင် (၃၆၃၀၀)ကျပ်နှင့် ဝက်ငယ်အတွက် အစာအားတစ်အိတ်လျှင် (၃၅၃၀၀)ဖြင့် ဝယ်ယူရရှိပြီး၊ ဝက်စာ၊ ဖွဲ၊ ဆန်ကွဲတို့အား ရော၍ တစ်ရက်လျှင် ဝက်ကြီး(၂)ပိဿာနှင့် ဝက်အလတ်အား (၁)ပိဿာ (၅၀)နှင့် ဝက်ငယ်အား (၁)ပိဿာ ကျွေးမွေးရကြောင်း၊ ဝက်ကြီး(၁၂)ကောင်၊ ဝက်အလတ်(၈) ကောင်နှင့် ဝက်ငယ်(၈)ကောင် စုစုပေါင်း(၂၈)ကောင်အား မွေးမြူထားရာ ဝက်များကို ပိုးမွှားအန္တရာယ် မကျရောက်စေရန်အတွက် စနစ်တကျ ကျွေးမွေးပြုစု မွေးမြူရကြောင်း ဝက်သား(၁)ပိဿာလျှင် ( ၂၀၀၀၀)ကျပ် ရရှိကြောင်း လေညာရှေ့ရပ်ကွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ထူးထံမှ သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)