သတင်းများ

ဟင်္သာတမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင်မီးဘေးအန္တရာယ်ကင်းရှင်းရေး လိုက်လံစစ်ဆး အသိပညာပေးခြင်းများဆောင်ရွက်
Mar 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး လိုက်လံစစ်ဆး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့်မြို့နယ်အဆင့် ပူးပေါင်းအဖွဲ့များက လိုက်လံစစ်ဆေးခဲ့ ကြသည်။
မိုင်းလုံမြို့၌ (၇၈)နှစ်​မြောက်တပ်မ​တော်​နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ​စောင်များဖြန့်​​ဝေ
Mar 25,2023
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ရောက်ရှိမည့်  (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့်  မြို့အတွင်းရှိပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် သင်ရိုးဘာသာရပ် စွမ်းရည်မြှင့်သင်တန်းပို့ချ
Mar 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ နွေရာသီ ကျောင်းပိတ်ရက်များတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်အလိုက် သင်ကြားမှုစနစ်များနှင့် စွမ်းရည်များ တိုးတက်မြင့်မားစေရန်အတွက် ဆွေးနွေးပို့ချခြင်းကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ  ၂၄ ရက်နေ့အထိ မင်းဘူးမြို့ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်
Mar 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်(၇၈)နှစ်မြောက် တပ်တော်နေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်
Mar 25,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်း သား/သူ၊ လူငယ်၊လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာရပ်များအား သိရှိတက်မြောက်ကြစေရန် ရည်ရွယ်၍ မတ်လ(၂၁)ရက်နေ့က စတင်ကာဟိုပန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ကန့်ဘလူမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်ကွက်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 25,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အမှတ် (၃) ရပ်ကွက် ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန့်နေ့မွန်းလွဲ ၃ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ့နှင့် မွန်မြတ်စေတနာကုသိုလ်ပြုလူငယ်အဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်
Mar 25,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မွန်မြတ်စေတနာ ကုသိုလ်ပြုလူငယ်အဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အောင်တပ်ကျေးရွာ၊ သဲဖြူကျေးရွာ အုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး
Mar 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာနှင့် သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။