ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

ဟိုပန် မတ် ၂၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်း သား/သူ၊ လူငယ်၊လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာရပ်များအား သိရှိတက်မြောက်ကြစေရန် ရည်ရွယ်၍ မတ်လ(၂၁)ရက်နေ့က စတင်ကာဟိုပန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါ သင်တန်းတွင် အခြေခံ စာစီစာရိုက်၊ Word ၊ Excel ၊ Power point စသည့် အခြေခံ ကွန်ပျူတာပညာရပ်များအား တစ်လကြာ နံနက်ပိုင်း၊ ညနေပိုင်း နှစ်ချိန်ခွဲ၍ သင်ကြားပေးလျက်ရှိပြီး ဟိုပန်မြို့ပေါ် ရပ်ကွက်များမှ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/သူ (၂၈)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)