မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် သင်ရိုးဘာသာရပ် စွမ်းရည်မြှင့်သင်တန်းပို့ချ

မင်းဘူး   မတ်   ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ နွေရာသီ ကျောင်းပိတ်ရက်များတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်အလိုက် သင်ကြားမှုစနစ်များနှင့် စွမ်းရည်များ တိုးတက်မြင့်မားစေရန်အတွက် ဆွေးနွေးပို့ချခြင်းကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ  ၂၄ ရက်နေ့အထိ မင်းဘူးမြို့ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘာသာရပ်အလိုက် စွမ်းရည်မြှင့် ဆွေးနွေးပို့ချခြင်းကို အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၄၂၆) ဦး၊ သင်တန်းနည်းပြဆရာ (၁၄) ဦးနှင့် အထက်တန်းအဆင့် ဆရာ၊ ဆရာမ (၁၉၁) ဦး၊ သင်တန်းနည်းပြ (၉) ဦး တို့ဖြင့် မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၄) ရက်ကြာ ဆွေးနွေးပို့ချခဲ့ကြောင်း မင်းဘူးမြို့ မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမြသိန်းဌေးထံမှ သိရသည်။    

ဇေယျာထက် (မင်းဘူး)